မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မူမူခင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်တို့ဦးဆောင် အဖွဲ့သည် ၁၉-၈-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်သပြေတန်းရပ်၌ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် ပညာပေးဟောပြောပွဲပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပညာပေးဟောပြောပွဲသို့တတ်ရောက်သူ (၃၆)ဦးရှိပြီး မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့်ဆောင်ရန်ရှောင်ရန်များ၊ ၄င်းရောဂါများနှင့်ပတ်သက်၍ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အသုံးပြုပုံတို့ကို ကျား(၂၇)ဦး၊ မ (၃၂)ဦး လူဦးရေ စုစုပေါင်း၅၉ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၉.၈.၂၀၂၃) ရက်၊ စနေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာနှင့် အဖွဲ့ဝင်(၆)ဦး လိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ငုကိုင်းကျေးရွာ၊ ကျုံကြီးအုပ်စု၊ ချမ်းမြေ့မင်္ဂလာကျောင်းတိုက်၌ အခမဲ့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၁၂)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း လူနာ(၃၀)ဦးတို့အား အခမဲ့ ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းဦးဆောင်သော အဖွဲ့သည် ၁၉-၈- ၂၀၂၃ရက်နေ့တွင် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာလူနာကျားလူကြီး ( ၁၆) ဦး ၊မလူကြီး (၅၉) ဦး ၊ကလေးကျား (၁၀) ဦး ၊ ကလေးမ (၄) ဦး ၊စုစုပေါင်း (၈၉) ဦး တို့ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ကျေး လက်နေပြည်သူ (၄၅) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦနေဝင်းအောင်သည် ၁၉- ၈- ၂၀၂၃ ရက်နေ့တွင် အမ်းမြို့နယ် စခန်းမော်ကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားလူကြီး (၁၂) ဦး ၊ မလူကြီး (၄၀) ဦး ၊ ကလေးမ (၁) ဦး ၊စုစုပေါင်း (၅၃) ဦး တို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူဦးရေ စုစုပေါင်း (၃၅) ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။