ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းဦးဆောင်သော အဖွဲ့သည် ၁၉-၈- ၂၀၂၃ရက်နေ့တွင် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာလူနာကျားလူကြီး ( ၁၆) ဦး ၊မလူကြီး (၅၉) ဦး ၊ကလေးကျား (၁၀) ဦး ၊ ကလေးမ (၄) ဦး ၊စုစုပေါင်း (၈၉) ဦး တို့ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ကျေး လက်နေပြည်သူ (၄၅) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။