ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၉.၈.၂၀၂၃) ရက်၊ စနေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာနှင့် အဖွဲ့ဝင်(၆)ဦး လိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ငုကိုင်းကျေးရွာ၊ ကျုံကြီးအုပ်စု၊ ချမ်းမြေ့မင်္ဂလာကျောင်းတိုက်၌ အခမဲ့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၁၂)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း လူနာ(၃၀)ဦးတို့အား အခမဲ့ ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။