ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၂-၈-၂၀၂၃ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းတို့သည် ကျောက်တော်မြို့နယ် ဝကင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားကြီး (၁၄) ဦး၊ မကြီး (၁၀၃) ဦး၊ ကလေးကျား (၁၃) ဦး၊ ကလေးမ (၃)ဦး၊ စုစုပေါင်း (၁၃၃) ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် လူဦးရေ (၅၇) ဦးတက်ရောက်ခဲ့ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။