the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၅-၈၊-၀၂၃ ရက်နေ့၊ ၁၁/၁၄ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  ဥက္ကဌ ဒေါ်သီသီမြင့်ဦးဆောင်သောအဖွဲ့၀င်များမှ ကွင်းဆင်း ဆေးကုသရာတွင်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ကွင်းဆင်းကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး ကျား(၂၃)ဦး၊လူကြီး မ(၈၃)ဦး၊ စုစုပေါင်း-  (၁၀၆) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဦးတင်ဖြိုးအောင်မှ သွေးတိုးရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်  တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးတို့သည် ၁၄.၈.၂၀၂၃ရက်နေ့တွင် ကျောက်တန်းမြို့နယ်အ.မ.ကစံချိန်မှီကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေး ဆေးကုသမှု ပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် နှာစေးချောင်းဆိုး/ ရင်ကြပ်/အဖျား/ယားနာရောဂါတို့အား ကုသပေးခဲ့ရာ လူနာကလေးကျား(၆၇)ဦးကလေးမ(၇၆)ဦးစုစုပေါင်း(၁၄၃)ဦးတို့အား တိုင်းရင်းဆေး အခမဲ့ဆေး ဆေးကုသပေးခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် ၁၄-၈၂၀၂၃ ရက်နေ့တွင် မြစ်သားမြို့နယ် ကြီးတော်ကုန်း မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာကျောင်းသား/သူ(၈၀)ဦးကို ကျန်းမာရေးပညာပေး ဟောပြော ခဲ့ပြီး (၆၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၄.၈.၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင်​ ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် ဒေါ်ဇာဇာအောင် လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် ​ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့် ပြန်ကြား​ရေးဦးစီးဌာန စားသုံးသူ​ရေးရာဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်း၍ ရွှေတောင်မြို့နယ် နွားမယံကျေးရွာရှိ အမက နွားမယံကျောင်း၌ ဝမ်းပျက် ဝမ်းလျောရောဂါအကြောင်း ကျောင်းသား/ကျောင်းသူ (၇၅)ဦးတို့အား အသိပညာပေးဟောပြောပြီး ရွှေတောင်မြို့နယ် ပုတ္တန်းကျေးရွာရှိ အမက ပုတ္တန်း၌ ကျောင်းသား/ကျောင်းသူ (၇၈)ဦးတို့အား မျက်စိရောဂါနှင့် တိုင်းရင်း​ဆေးပညာအ​ကြောင်း​အသိပညာ​ပေး​ဟော​ပြောပြီး ကျား(၃၃)မ (၃၇)ဦး စုစု​ပေါင်း(၇၀)ဦးတို့အား တိုင်းရင်း​ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း