the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၅-၈၊-၀၂၃ ရက်နေ့၊ ၁၁/၁၄ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  ဥက္ကဌ ဒေါ်သီသီမြင့်ဦးဆောင်သောအဖွဲ့၀င်များမှ ကွင်းဆင်း ဆေးကုသရာတွင်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ကွင်းဆင်းကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး ကျား(၂၃)ဦး၊လူကြီး မ(၈၃)ဦး၊ စုစုပေါင်း-  (၁၀၆) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဦးတင်ဖြိုးအောင်မှ သွေးတိုးရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်