ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာန ညွှန်ကြားမှုအရ (၁၁.၈.၂၀၂၃)ရက်နေ့တွင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်နှင့် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်ခင်နှင်းဝေတို့မှ သုံးစွဲရန်မသင့်သော တားမြစ် တိုင်းရင်းဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေး TALK SHOW အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။