ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၅-၈-၂၀၂၃ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူးဦး ဇော်ရဲအောင်သည် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာ၌ ကျောက်တော်မြို့နယ် တောင်ပေါက် ကျေးရွာ၌ ပြည်သူ(၁၅၀)ဦးအား မိုးရာသီဖြစ်တတ်သောရောဂါများအကြောင်း တိုင်းရင်းဆေးဖြင့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးဝါးများလှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ တိုင်းရင်းဆေးကုဌာနမှ မြို.နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးသည် ၅-၉-၂၀၂၃ ရက်နေ့တွင် အောင်မဂလာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၈)ဦးအား တကိုယ်ရေကျန်းမာရေး ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား(၂၀)ဦး ကျောင်းသူ(၁၇)ဦးတို့အား တိုင်းရင်းဆေးပညာနှင့် ဆေးကုသခြင်းနှင့် တိုင်းရင်းဆေးဝါးများ လှူဒါန်းပေးခဲ့ပါကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့်အဖွဲ့သည် ကုသရေးဦးစီးဌာနကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၄-၈-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့ အ.မ.က(၁)မြို့မကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်း နည်းစနစ်များအကြောင်း ပညာပေး ဟောပြော ခဲ့ပြီး (၄၀)ဦးအားတိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်းနှင့် ဒုတိယ တိုင်းရင်းဆေးမှုး ဒေါ်ကေဇင်စိုး၊ အထက်တန်းးသူနာပြု ဒေါ်နန်းနုနုအေးတို့ မှ ၅-၈-၂၀၂၃ ရက်နေ့ တွင် အောင်မင်္ဂလာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၈)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသား(၂၀)ဦး ကျောင်းသူ (၁၇)ဦးအား တိုင်းရင်းဆေးပညာြဖင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးဝါးများလည်းကိုလည်း လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှုး လမ်းညွန်မှုဖြင့် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးသည် မြို့နယ်ပြန်ကြားရေနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၄ . ၈ . ၂၀၂၃ ) ရက်နေတွင် ညောင်လေးပင်မြို့ရှိ ခင်တန်းကျောင်း စာသင်တိုက်၌ သံဃာ ကျား (၂၅ ) ပါးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။