မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့်အဖွဲ့သည် ကုသရေးဦးစီးဌာနကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၄-၈-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့ အ.မ.က(၁)မြို့မကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်း နည်းစနစ်များအကြောင်း ပညာပေး ဟောပြော ခဲ့ပြီး (၄၀)ဦးအားတိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်းနှင့် ဒုတိယ တိုင်းရင်းဆေးမှုး ဒေါ်ကေဇင်စိုး၊ အထက်တန်းးသူနာပြု ဒေါ်နန်းနုနုအေးတို့ မှ ၅-၈-၂၀၂၃ ရက်နေ့ တွင် အောင်မင်္ဂလာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၈)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသား(၂၀)ဦး ကျောင်းသူ (၁၇)ဦးအား တိုင်းရင်းဆေးပညာြဖင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးဝါးများလည်းကိုလည်း လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။