ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ် ခင်ဝင်းရွှေနှင့်အဖွဲ့သည် ၃၀- ၇- ၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့၊ စေတီရပ်ကွက်၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာ ကျားလူ ကြီး (၁၁)ဦး၊ မလူကြီး (၁၅)ဦး၊ ကလေးကျား (၆)ဦး၊ ကလေးမ (၁၀)ဦး၊ စုစုပေါင်း (၄၂)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး အခြေခံတိုင်းရင်းဆေးပညာပေးကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ လူဦးရေ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။