ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေမြို့နယ် သင်းဂနက်ကျေးရွာနှင့် မင်းဂံရပ်ကွက်များ၌ ကျား / မလူဦးရေ (၂၁၀) ဦးအား တိုင်းရင်းဆေးဖြင့် ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။