the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ် မိုးညှင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ မိုးညှင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ထွန်းတို့သည် ၁၈.၇.၂၀၂၃ ရက်နေ့တွင် အ.မ.က.နမီးစုကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ ကံ၊စိတ်၊ဥတု၊ အာဟာရအကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းဆောင်ရွက်ရာတွင် ကျား- ကလေး (၃၇)ဦး၊ မ (၄၉)ဦး စုစုပေါင်း (၈၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်