ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၃.၈.၂၀၂၃ ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာတွင် ကျား(၁၅)ဦး မ(၂၄) ဦး စုစုပေါင်းလူနာ (၃၉)ဦး အား ကွင်းဆင်းကုသပေးခဲ့ပြီး အဆိပ်ရှိသောအစားအစာများ ခေါင်းစဉ်ဖြင့် လူဦးရေ (၅၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။