ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဖြူးမြို့ (၁၆)ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူးဆရာမ ဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ၁၃. ၈ .၂၀၂၃ ရက်နေ့တွင် သုခဒါယီ သီလရှင်စာသင်တိုက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ရာသီတုတ်ကွေးရောဂါနှင့် ဆောင်ရန်/ရှောင်ရန်များအကြောင်း ဟောပြောရာတွင် လူနာဦးရေကျား (၅)ဦး၊ မ ( ၂၅)ဦး စုစုပေါင်း( ၃၀)ဦးတို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရှိရ သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။