ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင်သည် ၁၅-၈-၂၀၂၃ ရက်နေ့တွင် တောင်ကုတ်မြို့ ၀က်ကျိတ်ကျေးရွာ မူလတန်းလွန်ကျောင်း၌ တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျားလူကြီး(၂၅)ဦး မ (၂၅)ဦး၊ ကျား-ကလေး(၇၀)ဦး၊ မ-ကလေး(၆၀)ဦး စုစုပေါင်း(၁၈၀)ဦး ဆေးကုသမှုပေးခဲ့ပြီး ကျား(၉၅)ဦး မ(၈၅)ဦး စုစုပေါင်း(၁၈၀)ဦးတို့အား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။