ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ အထက (ကွမ်းမိုးဒိန်း) ခရမ်းမြို့၌ ကျောင်းကျန်းမားရေးစစ်ဆေးပေးခဲ့ပြီး ကျား(၁၉)ဦး မ(၂၆)ဦး စုစုပေါင်း (၄၅) ဦး အား ဆေးကုမှုပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲတွင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် မှ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များကို ကျောင်းသား/ကျောင်းသူ (၂၀၃) ဦးတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။