ရခိုင်ပြည်နယ် သံတွဲခရိုင် တိုင်းရင်းဆေးကုဋ္ဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်လှိုင်လေးအောင်သည် ၁၉-၈-၂၀၂၃ ရက်နေ့တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် သံတွဲမြို့နယ် ရွှေလှေကျေးရွာသို့လိုက်ပါဆောင်ရွက်ခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်လှိုင်လေးအောင်မှ တိုင်းရင်ဆေးပညာသိကောင်းစရာ သင်္ဘောပင်ကို သုံးစွဲပါခေါင်းစဉ်ဖြင့် လူဦးရေစုစုပေါင်း (၁၅၀)ဦးခန့်ကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။