the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးနှင့်အဖွဲ့သည် ၁၃-၉-၂၀၂၃ ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀နာရီမှ နေ့လယ် ၁၂နာရီထိ အလုံမြို့နယ် အ၊မ၊က ၆ကျောင်း၌ ကျောင်းသား/ကျောင်းသူ ၂၀ ဦးအား ဝမ်းလျှောခြင်းကိုဖြစ်စေသော အစားအစာ(၆)မျိုး အကြောင်း အသိပညာပေးဟောပြောခဲ့ကာ၊ ကျားကလေး ၇ ဦး၊ မကလေး ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး အ၊မ၊က၊ ၆ ကျောင်းအုပ်ကြီးအား ဆေးကြပ်ထုပ်နှင့် အကြောလိမ်း ဆေးဆီ မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်