the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၀-၉- ၂၀၂၃ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးနှင့်ဆေးခန်းအကူတို့သည် မာန်အောင်မြို့နယ် တောထူကျေးရွာ၌ ကျေးရွာပြည်သူ (၅၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ၊လူနာ (လူကြီးကျား- ၁၀ဦး + လူကြီး  မ - ၃၀ ဦး + ကလေးကျား  -၄ ဦး + ကလေးမ -၆ ဦး) ၊ စုစုပေါင်း (၅၀) ဦး အားကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း