ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၂.၉.၂၀၂၃ ရက်နေ့၊ နံက်ပိုင်းတွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေး၊ စစ်ကွင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ထီးနဲမူး၊ ရုံး အကူ ဦးရဲမင်းသူတို့ပူးပေါင်း၍ သာယာဝတီမြို့နယ် အောင်ချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ သွေးလွန်တုတ်ကွေးရောဂါနှင့်ရာသီတုတ်ကွေးဖျားအကြောင်းဟောပြောခဲ့ရာ ကျား ၁၀၅ ဦး၊ မ ၉၈ ဦး၊ စုစုပေါင်း ၂၀၃ ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများကို ဟောပြောပွဲတွင် ပြောကြားခဲ့သည့် ရောဂါများအကြောင်း ပြန်လည်မေးမြန်းခဲ့ပြီး အရင်ဆုံးဖြေနိုင်သော ကျောင်းသူ ၂ ဦး ကို ဆုကြေးငွေများ ပြန်လည်ချီးမြှင့်ခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပြုလုပ်ခဲ့ရာတွင် ကျား ၇၅ ဦး၊မ ၄၇ ဦး၊ စုစုပေါင်း ၁၂၂ ဦးကိုဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။