the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံပြည်မြို့မှ လက်ထောက် တိုင်းရင်းဆေးမှုး ဒေါ်ဇာလီဝင်းနှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ၁၈.၉ .၂၀၂၃ရက်နေ့တွင် မြသိင်္ဂီကြံခင်းပရဟိတကျောင်းပြည်မြို့၌ ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ပါသည်၊၊ လူနာဦးရေမှာကျား(၂၂)ဦး၊ မ(၃၅)ဦး၊ စုစုပေါင်း(၅၇)ဦး ကုသပေးခဲ့ပြီး ကလေးငယ်များအား တကိုယ်ရေးသန့်ရှင်းရေးနှင့်ပတ်သက်၍ ပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မှ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံ၏ ရှေ့မျက်နှာစာနှင့် ပရဆေးဥယျာဥ် အတွင်း၊ အပြင်သန့်ရှင်းရေးသာယာလှပစေရေးအတွက် အပင်နှင့်ခြုံနွယ်များ ရှင်းလင်းခြင်း  ရန်ကုန်တိုင်း ဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်သို့ ဗဟန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ လူအင်အား (၇၀)ခန့်သည် (၁၉-၉-၂၀၂၃) ရက်နေ့ နံနက် (၇)နာရီ မှ (၉:၃၀)နာရီ အထိ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၏ ရှေ့မျက်နှာစာနှင့် ပရဆေးဥယျာဥ်အတွင်း၊ အပြင် သန့်ရှင်းခြင်း၊ အပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသည့် ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးမှ သန့်ရှင်းရေးဆောင်ရွက်ပေးသော အဖွဲ့များအား နံနက်စာမုန့်နှင့် ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိ ရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၊ တိုင်းရင်း​ဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၁၈-၉-၂၀၀၃ ရက်​နေ့တွင် ကြို့ပင်​ကောက်မြို့နယ် ဘန့်​ဘွေးကုန်း​ကျေးရွာ (အ.မ.က)​ကျောင်း၌ ဇီးကုန်းမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူးဦး​အောင်ညိုမှ တိုင်းရင်း​ဆေးအ​​​​ကြောင်းသိ​ကောင်းစရာနှင့်နွယ်မြက် သစ်ပင်​ဆေးဖက်ဝင်ပုံအ​ကြောင်းကို တက်​ရောက်သူကျား(၃၅)ဦး မ(၄၀)ဦး စုစု​ပေါင်း(၇၅)ဦးတို့အား ပညာ​ပေး​ဟော​​ပြောခဲ့ပြီး ကြို့ပင်​ကောက်မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦး၊​ဇီးကုန်းမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦး​အောင်ညိုနှင့် အုတ်ဖိုမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါငြိမ်းငြိမ်းစိုးတို့ပူး​ပေါင်း၍​ ဆေးကုသမှု​ဆောင်ရွက်​ပေးခဲ့ရာကျား(၃၀)ဦး မ(၃၅)ဦး စုစု​ပေါင်း(၆၅)ဦးအား အခမဲ့ကွင်းဆင်း​ဆေးကုသမှု​ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဘိုကလေး မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ဆရာမများသည် (၁၆.၉.၂၀၂၃ )  ရက်​နေ့တွင် ကြိမ်ချောင်းကြီးကျေးရွာ၌ ကွင်းဆင်း​ဆေးကုသရာတွင် ကျား(၁၀)ဦး၊ မ(၁၃)ဦး စုစု​ပေါင်းလူနာ (၂၃)ဦး အား ကွင်း​ဆင်းကုသ​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း