ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မှ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံ၏ ရှေ့မျက်နှာစာနှင့် ပရဆေးဥယျာဥ် အတွင်း၊ အပြင်သန့်ရှင်းရေးသာယာလှပစေရေးအတွက် အပင်နှင့်ခြုံနွယ်များ ရှင်းလင်းခြင်း ရန်ကုန်တိုင်း ဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်သို့ ဗဟန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ လူအင်အား (၇၀)ခန့်သည် (၁၉-၉-၂၀၂၃) ရက်နေ့ နံနက် (၇)နာရီ မှ (၉:၃၀)နာရီ အထိ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၏ ရှေ့မျက်နှာစာနှင့် ပရဆေးဥယျာဥ်အတွင်း၊ အပြင် သန့်ရှင်းခြင်း၊ အပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသည့် ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးမှ သန့်ရှင်းရေးဆောင်ရွက်ပေးသော အဖွဲ့များအား နံနက်စာမုန့်နှင့် ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိ ရသည်။