the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၈-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ‌ဒေါ်၀င်း၀င်းမြိုင်သည် ဘိုးဘွားရိပ်သာတောင်ကုတ်မြို့၌ ကျားလူကြီး ၄၀ ဦး မ ၅၀ ဦး  စုစုပေါင်း ၉၀ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း ဟောပြောခြင်းနှင့်  အခမဲ့ ဆေးကုသခြင်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မ​ကွေးတိုင်း​ဒေသကြီး မ​ကွေးခရိုင် မိ​ကျောင်းရဲတိုင်းရင်​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှုး ဦးဝင်း​မော်ထွန်းသည် ၁၈.၉.၂၀၂၃ ရက်​​နေ့တွင် မ​ကွေးမြို့နယ် အင်ဦးအ.လ.က​ကျောင်း၌ ​ကျောင်းသူ/​ကျောင်းသားနှင့် ဆရာ/ဆရာမ ၁၄၁ ဦးတို့အား​ ​ကျောင်းကျန်းမာ​ရေးစစ်​ဆေး​ပေးခြင်း သန့်​လေးသန့်နှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ​ရောဂါများအ​ကြောင်းပညာ​ပေး​ဟော​ပြောခဲ့ပြီး လူနာ ၃၀ ဦးအား တိုင်းရင်း​ဆေးဖြင့်အခမဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့်၊ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၁၈.၉.၂၀၂၃)ရက်(​တနင်္လာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ၊  အမျိုးသမီးများအတွက် ဓမ္မတာမမှန်ခြင်းအကြောင်းအရာ     ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာကျား (၁)ဦး၊ မ (၄၇)ဦး၊စုစုပေါင်း (၄၈)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး​ ( ၁၆ )ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ကြို့ပင်​ကောက်မြို့ မှ​ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုးသည် ၁၈-၉-၂၀၂၃ ရက်နေ့တွင် ပြန်ကြား​ရေးဝန်ကြီးဌာန မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပူး​ပေါင်း၍ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး TALK SHOW ​ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ