ဧရာဝတီတိုင်းဒေသ ကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ( ၁၅ .၉..၂၀၂၃) ရက်နေ့တွင် မြောင်းမြမြို့ ၊ အ.မ.ကကုန်းထိပ်ပြောင်ရှမ်းစုကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား (၁၅)ဦး၊ မ (၂၅)ဦး စုစုပေါင်းလူနာ (၄၀)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး သတိပြုရန်မှန်လေးမှန်ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄၅ဦး)အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် ၁၈-၉-၂၀၂၃ ရက်နေ့တွင် မြတ်စေတနာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၃)ဦး၊ မ(၁၂)ဦး စုစုပေါင်းလူနာ (၁၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၅.၉.၂၀၂၃) ရက်နေ့တွင် အ.မ.က(၁) မူလတန်းကျောင်း၌ ကွင်းဆင်းကုသရာတွင် ကျား၁၆ ဦး၊ မ ၅၁ ဦး၊ စုစုပေါင်း ၆၇ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအသိပညာပေးဟောပြောရာတွင် ကျား ၈၁ ဦး၊ မ ၈၀ ဦး၊ စုစုပေါင်း ၁၆၁ ဦး အားကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဥက္ကံ(တိုက်ကြီ)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစောမင်းထွန်းဦးဆောင်၍ (၁၈-၉-၂၀၂၃)နေ့တွင် ဦးအောင်ဇေယျရပ်ကွက်ရှိ မိုးကုတ်ရိပ်သာတွင်မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းဟောပြောရာတွင် ကျား/မ/ကလေး စုစုပေါင်း(၅၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။