ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၈-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင်သည် ဘိုးဘွားရိပ်သာတောင်ကုတ်မြို့၌ ကျားလူကြီး ၄၀ ဦး မ ၅၀ ဦး စုစုပေါင်း ၉၀ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း ဟောပြောခြင်းနှင့် အခမဲ့ ဆေးကုသခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။