ရှမ်းပြည်နယ် လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင်တို့ပါဝင်သော အဖွဲ့သည် (၂၆. ၉. ၂၀၂၃) ရက်နေ့ တွင် လွိုင်လင်မြို့ မိုးကုတ်ဝိပသာနာ (၇)ရက်တရားစခန်း၌ အမျိုးသားယောဂီ( ၅)ဦး၊ အမျိုးသမီးယောဂီ(၂၅)ဦး စုစုပေါင်း လူနာယောဂီ (၃၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ပေါင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၂၆-၉-၂၀၂၃ ရက်နေ့ တွင် ထန်းပင်ချောင် အထကကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်း ကျန်းမာရေး ဟောပြောရာတွင် လူဦးရေ ၁၁၀ ဦး နှင့် ကျောင်းသား/ကျောင်းသူ ၃၂ ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ယုဝေစိုးသည် (၁၆.၉.၂၃)ရက်နေ့တွင် အမှတ်( ၄)ရပ်ကွက်၌ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၁ ဦး၊ မ၁၂ ဦး၊ စုစုပေါင်းလူနာ ၂၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၄-၉-၂၀၂၃ ရက်နေ့တွင် ကြာအင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၁၄ ဦး၊ မ ၁၈ ဦး၊ လူနာစုစုပေါင်း ၃၂ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။