the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၇.၉.၂၀၂၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့နေရှင်နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွင်းဆင်းခဲ့ရာ လူဦးရေ(၁၀၃)ဦးအား ကျန်းမာရေးပညာပေးဟော​ပြောခဲ့ပြီး လူဦးရေ(၉၀)ဦးအား အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၁၆ ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၃-၉-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့ ၁၆ခုတင်ဆံ  တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်း‌ဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်း‌ဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ဝတီးကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့်‌ ဆေးကုသမှု‌ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၂၃‌ ဦဦး အား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူနှင့် ဆရာမစုစုပေါင်း ၆၀ဦး တို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည်  ၂၃-၉-၂၀၂၃ ရက်နေ့တွင် နန်းချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် လူကြီးကျား ၃၂ဦး လူကြီးမ ၄၅ဦး  ကလေးကျား ၃ဦး  ကလေးမ ၅ ဦး စုစုပေါင်း ၈၅ ဦးအား ဆေးကုသပေးခဲ့ပြီး ပြည်သူလူထု ၈၅ ဦးအားကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုး သည်(၂၂-၉-၂၀၂၃)ရက် နံနက်၁၁နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် သွေးတိုးအကြောင်းဟောပြောခဲ့ရာကျား-၁၀ဦး၊ မ-မ ၁၅ ဦး အား ဆေးကုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ