မွန်ပြည်နယ်၊ပေါင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၂၆-၉-၂၀၂၃ ရက်နေ့တွင် ထန်းပင်ချောင် အထကကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်း ကျန်းမာရေး ဟောပြောရာတွင် လူဦးရေ ၁၁၀ ဦး နှင့် ကျောင်းသား/ကျောင်းသူ ၃၂ ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။