တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တိုင်း ရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ထားဝယ်မြို့ရှိ ရတနာမာရ်အောင်သီလရှင်စာသင်တိုက်၌ (၂၅.၉.၂၀၂၃)ရက်နေ့တွင် သီလရှင်စုစုပေါင်း(၂၅)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသိုလ်ပြု ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သောအဖွဲ့သည် ၂၄-၉-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၌ ကျာလူကြီး(၂)ဦး၊ မလူကြီး(၅)ဦး၊ ကျားကလေး(၇၇)ဦးနှင့် မကလေး(၉၅)ဦး၊ စုစုပေါင်း (၁၇၉)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု(၁၇၉)ဦးတို့အား ကျန်းမာရေး အသိပညာပေး ဟောပြောမှု ပြုလုပ်ခဲ့ပါကြောင်း သိရသည်။
ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂-၉-၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင်သည် နောင်တာလောကျေးရွာ၌ ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် လူဦးရေ (၁၅၀)ဦးအား ပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ဆေးကုသရာတွင် လူကြီးကျား(၃၀)ဦး လူကြီးမ(၇၀)ဦးအားကွင်းဆင်းဆေးကုသပေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင်တို့ပါဝင်သော အဖွဲ့သည် (၂၆. ၉. ၂၀၂၃) ရက်နေ့ တွင် လွိုင်လင်မြို့ မိုးကုတ်ဝိပသာနာ (၇)ရက်တရားစခန်း၌ အမျိုးသားယောဂီ( ၅)ဦး၊ အမျိုးသမီးယောဂီ(၂၅)ဦး စုစုပေါင်း လူနာယောဂီ (၃၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။