ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရိုင်/ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ (၁-၁၀-၂၀၂၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့ကျင်းပသည့် ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာ၌ ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရိုင်/ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ သက်ကြီးဘိုးဘွားများနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ ကျား ၂၀ ဦး၊ မ ၃၀ ဦး စုစုပေါင်း ၅၀ ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် (၃၀- ၉-၂၀၂၃) ရက်နေ့တွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တွံတေးမြို့နယ်၊ ရွှေလှေချောင်(တွံ)အုပ်စု အမ္မတီကျေးရွာ၊ အ.လ.ကကျောင်း တွင်ကျင်းပပြုလုပ်ရာသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား ဦးရေ(၂၀၀)ခန့် တို့အား မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများနှင့်မှိုကြောင့်ဖြစ်သောရောဂါများအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ပြင်ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့ပြီး (လူကြီး)ကျား (၅)ဦး၊ မ(၁၀)ဦး (ကလေး) ကျား(၁၇) ဦး၊ မ(၂၀) ဦး စုစုပေါင်း(၅၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ ညွှန်ကြားမှု တောင်ပိုင်းခရိုင်တိုင်းရင်းဆေးမှူး၏ စီစဉ်မှုဖြင့် ၃၀.၉.၂၀၂၃ ရက်နေ့က ကွမ်းခြံကုန်း မြို့နယ် အင်္ဂလုံးကျေးရွာ၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၉-၉-၂၀၂၃ ရက်နေ့တွင် ရတနာပုံကျောင်းစာသင်တိုက်၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား ၁၂ဦး၊ မ ၂၂ ဦး၊ စုစုပေါင်းလူနာ ၃၄ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး သွေးတိုးရောဂါအကြောင်းကို လူဦးရေ ၅၀ ဦးအား အသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။