the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်‌‌နွယ်နွယ်ဦးသည် (၃၀- ၉-၂၀၂၃) ရက်​နေ့တွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တွံတေးမြို့နယ်၊‌ ရွှေလှေချောင်(တွံ)အုပ်စု အမ္မတီကျေးရွာ၊ အ.လ.ကကျောင်း တွင်ကျင်းပပြုလုပ်ရာသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား ဦးရေ(၂၀၀)ခန့် တို့အား မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများနှင့်မှိုကြောင့်ဖြစ်သောရောဂါများအကြောင်း၊ တစ်ကိုယ်​ရေသန့်ရှင်းရေး​အကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ပြင်ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများအား‌ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့ပြီး   (လူကြီး)ကျား (၅)ဦး၊ မ(၁၀)ဦး (ကလေး) ကျား(၁၇) ဦး၊ မ(၂၀) ဦး စုစုပေါင်း(၅၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်