ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၉-၉-၂၀၂၃ ရက်နေ့တွင် ရတနာပုံကျောင်းစာသင်တိုက်၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား ၁၂ဦး၊ မ ၂၂ ဦး၊ စုစုပေါင်းလူနာ ၃၄ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး သွေးတိုးရောဂါအကြောင်းကို လူဦးရေ ၅၀ ဦးအား အသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။