မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုးသန္တာ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုယဥ်နွဲ့၊ ဆေးခန်းအကူ ဦးအေးမင်းဝင်းတို့အဖွဲ့သည် ၂၉.၉.၂၀၂၃ရက်နေ့တွင် နတ်မောက်မြို့နယ်၊ မြို့မကျောင်းတိုက်၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား(၁၃)ဦး၊ မ(၂၉)ဦး စုစုပေါင်းလူနာ(၄၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။