ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၄.၁၀.၂၀၂၃)ရက်နေ့တွင် ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်နှင့် ဆေးခန်းအကူ ဦးမောင်မောင်ဦး တို့သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ရွှေတောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကဖိုးခေါင်)ကျောင်းသို့ သွားရောက်ကာ အာဟာရကျန်းမာရေးအကြောင်း ကျောင်းသား/ကျောင်းသူ (၁၃၂)ဦးအားအသိပညာပေးဟောပြောပြီး ကျား(၆၀)ဦး၊ မ(၇၂)ဦး၊ စုစုပေါင်း(၁၃၂)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည် ။ထို့နောက်ဆက်လက်ပြီး(အမကကူကြီး)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၁၂၈ ဦးအား မျက်စိနာရောဂါအကြောင်းအသိပညာပေးဟောပြောပြီး ကျား(၆၀)ဦး မ(၆၈)ဦးစုစုပေါင်း(၁၂၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။