ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် (၁၂.၁၀.၂၀၂၃) ရက်နေ့တွင်ကွင်းကျောင်းပရိယတိစာသင်တိုက်၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကလေး (ကျား) ၁၅ ဦး၊ လူကြီး (ကျား) ၅၂ ဦး ။စုစုပေါင်း လူနာဦးရေ ၆၇ဦး အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တောင်ဥက္ကလာပ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုး သည် (၁၂.၁၀.၂၀၂၃) ရက်နေ့ နံနက်၁၀း၀၀ နာရီတွင်တောင်ဥက္ကလာပ မြို့နယ်၆-ရပ်ကွက်၌ ကျန်းမာရေးအကြောင်းသိကောင်းစရာဟောပြောပေးပြီး ကွင်းဆင်းဆေးကုရာ လူကြီး ကျား-၆ ဦး မ-၁၀ဦး ကလေး-ကျား၁ ဦး မ ၁ ဦး စုစုပေါင်း၁၈ဦး အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် (၁၂.၁၀.၂၀၂၃)ရက်နေ့တွင် အ.ထ.က ဘုရားကြီးကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် စာမေးပွဲနီးနေပြီဖြစ်သောကြောင် ကျန်းမာရေးဂရုစိုက်ရန်၊ အိပ်ရေးပျက်ခံခြင်းများ ရှောင်ရှားရန်၊မျက်စိနာခြင်း၊ မျက်မြှေးရောင်ခြင်းများဖြစ်ပွားနေသောကြောင့် ထိုသို့မဖြစ်အောင်ရှောင်ရန်ဆောင်ရန်များဟောပြောခဲ့ရာတွင် တက်ရောက်သူ ဦးရေမှာ ၁၀၀ဦးခန့်ရှိကြောင်းနှင့် ဟောပြောပွဲအပြီးတွင်ကျောင်းသူကျောင်းသားဆရာမများကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူကြီး ကျား(၈) ဦး (မ) ၄၂ဦး စုစုပေါင်း ၅၀ဦး ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၂.၁၀.၂၀၂၃ ရက်နေ့တွင်း ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏လမ်းညွှန်မှု၊ ပြည်နယ်ဦးစီးဌာနမှူးကြီးကြပ်မှုဖြင့်သထုံမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးဇော်မိုးထွေး ဦးဆောင်သောဆရာ/ဆရာမများသည် သထုံမြို့ပဥ္စဂီရိချမ်းမြေ့စည် သီလရှင် စာသင်တိုက်သို့သွားရောက်၍ စာသင်တိုက်ရှိ စာသင်၊စာချဆရာကြီးဆရာလေးများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ခြင်း ၊ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျား-၂၅ ဦး၊ မ- ၁၀၃ ဦး ၊စုစုပေါင်း - ၁၂၈ ဦး တို့အားဆေးဝါးများကုသပေးခြင်း၊ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ကြည်ကြည်ဝင်းမှ ရာသီအလိုက်ဖြစ်တတ်သောရောဂါများဖြစ်သည့် တုပ်ကွေးရောဂါ၊ မျက်စိနာရောဂါများအကြောင်းကိုသီလရှင် ဆရာကြီး/ဆရာလေး (၁၂၀ )ဦးတို့အား ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။