ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တောင်ဥက္ကလာပ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုး သည် (၁၂.၁၀.၂၀၂၃) ရက်နေ့ နံနက်၁၀း၀၀ နာရီတွင်တောင်ဥက္ကလာပ မြို့နယ်၆-ရပ်ကွက်၌ ကျန်းမာရေးအကြောင်းသိကောင်းစရာဟောပြောပေးပြီး ကွင်းဆင်းဆေးကုရာ လူကြီး ကျား-၆ ဦး မ-၁၀ဦး ကလေး-ကျား၁ ဦး မ ၁ ဦး စုစုပေါင်း၁၈ဦး အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။