the republic of the union of myanmar

ministry of health

Department of Traditional Medicine

မွန်ပြည်နယ် သထုံမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မွန်ပြည်နယ် သထုံမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၂.၁၀.၂၀၂၃ ရက်နေ့တွင်း ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏လမ်းညွှန်မှု၊ ပြည်နယ်ဦးစီးဌာနမှူးကြီးကြပ်မှုဖြင့်သထုံမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးဇော်မိုးထွေး ဦးဆောင်သောဆရာ/ဆရာမများသည်  သထုံမြို့ပဥ္စဂီရိချမ်းမြေ့စည် သီလရှင် စာသင်တိုက်သို့သွားရောက်၍  စာသင်တိုက်ရှိ စာသင်၊စာချဆရာကြီးဆရာလေးများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ခြင်း ၊ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး  ကျား-၂၅ ဦး၊ မ- ၁၀၃ ဦး ၊စုစုပေါင်း - ၁၂၈ ဦး တို့အားဆေးဝါးများကုသပေးခြင်း၊ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ကြည်ကြည်ဝင်းမှ ရာသီအလိုက်ဖြစ်တတ်သောရောဂါများဖြစ်သည့် တုပ်ကွေးရောဂါ၊ မျက်စိနာရောဂါများအကြောင်းကိုသီလရှင် ဆရာကြီး/ဆရာလေး (၁၂၀ )ဦးတို့အား ပညာပေးဟောပြောခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်