ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၉-၁၀-၂၀၂၃ ရက်နေ့တွင် အ.မ.က ဈေးပိုင်းကျောင်းသို့ ကျောင်းကျန်းမာရေးဆေးကုသရာတွင် လူကြီး(ကျား) ၂ ဦး၊ လူကြီး(မ) ၂ ဦး၊ ကလေး (ကျား)၂၄ ဦး၊ ကလေး(မ) ၃၅ ဦး၊ စုစုပေါင်းလူနာ ၆၃ ဦး ဆေးကုသပေးခဲ့ပြီး တကိုယ်ရေသန့်ရှင်းရေးနှင့် အဆုပ်အအေးမိရောဂါအကြောင်းကို လူဦးရေ (၁၀၄)ဦးအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၀.၁၀.၂၀၂၃)ရက်နေ့ တွင် ရေစခန်းတိုက်နယ် အ.ထ.ကစာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၉၀)ဦး ၊မ(၄၀)ဦး လူနာစုစုပေါင်း (၁၂၀)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး မျက်စိရောဂါနှင့်ဆေးဖက်ဝင် အပင်များအကြောင်း ကိုလူဦးရေ (၇၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ၉-၁၀-၂၀၂၃ ရက်နေ့တွင် အ.ထ.က၊ကျုံကလွတ်သို့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၀ ဦး မ ၁၂ ဦး စုစုပေါင်းလူနာ ၂၂ ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။ရောဂါမူလံအဇိဏ္ဏကံအကြောင်းကို ကျောင်းသား/ ကျောင်းသူ (၃၃၇)ဦး အား ဟောပြောခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် ဝန်လိုရပ်ကွက် မူလွန်ကျောင်း၌ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၁)ဦး မ(၃၅)ဦး စုစုပေါင်း(၅၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျောင်းသားကျောင်းသူ(၉၉)ဦးအား ချောင်းဆိုးရင်ကြပ်ရောဂါအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။