ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၀.၁၀.၂၀၂၃)ရက်နေ့ တွင် ရေစခန်းတိုက်နယ် အ.ထ.ကစာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၉၀)ဦး ၊မ(၄၀)ဦး လူနာစုစုပေါင်း (၁၂၀)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး မျက်စိရောဂါနှင့်ဆေးဖက်ဝင် အပင်များအကြောင်း ကိုလူဦးရေ (၇၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။