ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် ဝန်လိုရပ်ကွက် မူလွန်ကျောင်း၌ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၁)ဦး မ(၃၅)ဦး စုစုပေါင်း(၅၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျောင်းသားကျောင်းသူ(၉၉)ဦးအား ချောင်းဆိုးရင်ကြပ်ရောဂါအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။