ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကျောက်တော်မြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်း ဦးဆောင်သောအဖွဲ့သည် ၁၄.၁၀.၂၀၂၃ ရက်နေ့တွင် ပြည်တော်သာရပ်ကွက် ကဝိရတနာဘုန်းတော်ကြီးကျောင်းတိုက်၌ ကျားကြီး ၁၇ ဦး ကျားလေး ၂ ဦး မကြီး ၆၂ ဦး မလေး ၉ ဦးစုစုပေါင်း ၉၀ ဦးတို့အားကွင်းဆင်းဆေးကုပေးခဲ့ပြီး လူဦးရေ(၄၀) ဦးအား ကျန်းမာရေးပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ ဆရာမ(၆)ဦး တို့သည် ၁၄-၁၀-၂၀၂၃ ရက်နေ့တွင်တောင်ကြီးမြို့ နမ့်ဟူးအုပ်စု ပလီလင်းကျေးရွာ ထာဝရဓမ္မိရိပ်သာသို့ သွားရောက်ပြီး ရဟန်း(၇)ပါး သီလရှင်(၁၁)ပါး ကျား(၁၃)ဦး မ(၂၁)ဦး စုစုပေါင်း(၅၂)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မူ့လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါကြည်ကြည်ဝင်းနှင့် အဖွဲ့သည် (၁၄.၁၀.၂၀၂၃)ရက်နေ့တွင် သောင်ကြီးပရိယတ္တိဓမ္မရိပ်သာ၌ လူကြီး(ကျား) ၁၃ ဦး၊ လူကြီး(မ) ၄၉ ဦး၊ကလေး(ကျား) ၁၁ဦး၊ ကလေး(မ) ၉ ဦး စုစုပေါင်း(၈၂)ဦးအား အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သော အဖွဲ့သည် (၁၃.၁၀.၂၀၂၃)ရက်နေ့တွင် မြို့မ(၄)ရပ်ကွက်၊ ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ရာတွင် ကွင်းဆင်းဆေးကုသပေးခဲ့သော လူနာဦးရေမှာလူကြီး( ကျား) ၁၈ ဦး၊ လူကြီး( မ ) ၁၇ ဦး၊ စုစုပေါင်း - ၃၅ ဦး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။