ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်ခင်မြင့်သည် ၁၅.၁၀..၂၀၂၃ ရက် နံနက်၁၀နာရီတွင် သနပ်ပင်မြို့အောင်ချမ်းသာဘုရားရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျား(၅)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း(၃၅) ဦးအား ကွင်းဆင်းဆေးကုခြင်းပြုလုပ်ခဲ့ပြီး ရွှေသမင်ဖယောင်းချက်ဘူး ၅၀ ဘူး အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် ကော့သောင်းမြို့ (အ.ထ.က)ခွဲ လ(၂)ကျောင်း၌ (၉.၁၀.၂၀၂၃)ရက်နေ့တွင် ကျောင်းသူ/ကျောင်းသားများအား တိုင်းရင်းဆေးပညာသိကောင်းစရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သောအဖွဲ့သည် ၁၅-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာ၌ ကျားလူကြီး(၃)ဦး၊ မလူကြီး(၁၃)ဦး စုစုပေါင်း (၁၆)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး အဘိုး၊အဘွား (၁၆) ဦးတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမြင့်ဦး ဦးဆောင်ပါဝင်သောအဖွဲ့သည် (၁၅-၁၀-၂၀၂၃) ရက်နေ့တွင် မာန်အောင်မြို့နယ် ကုန်းခင်အုပ်စု ကုန်းခင်ကျေးရွာ အ မ က ကျောင်း၌ လူကြီးကျား ၁၅ ဦး လူကြီးမ ၃၅ ဦး ကျားလူငယ် ၅ ဦး မလူငယ် ၅ ဦး စုစုပေါင်း ၆၀ ဦးတို့အား ကွင်းဆင်းကုသခဲ့ပြီး ကျေးလက်နေပြည်သူ ၆၀ ဦး အား ကျန်းမာရေးပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။