the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်တင်တင်ဝေ၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန်းနိုင်အေး၊ မကွေးမြို့နယ် တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်တို့အဖွဲ့သည် မကွေးမြို့နယ်ခေမာသီရိသီလရှင်စာသင်တိုက်ရှိ သီလရှင်(၁၉)ပါး၊ အမျိုးသားလူနာ(၁)ဦး၊ အမျိုးသမီးလူနာ(၁၀)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ခင်းလင်းရွှေသည် ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်‌ ရွာသင်္ဘော ဆိပ်ကျေးရွာအုပ်စု ကျက်သရေကျေးရွာဘုန်းကြီးကျောင်း၌ ကျားလူ ကြီး (၁၇ )ဦး ၊ ကျား ကလေး (၁ ) ဦး နှင့် မလူကြီး  (၁၉)ဦး ၊ မ ကလေး (၃) ဦး  စုစုပေါင်း (၄၀)ဦး တို့အား ကွင်းဆင်းကုသပေးခဲ့ပြီး ကျေးရွာနေပြည်သူ ( ၄၀ ) ဦးအား ကျန်းမာရေး‌ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေကုဌာနမှ ၁၄-၁၀-၂၀၂၃ ရက်​နေ့တွင် ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်ဝင်းဝင်း​အေးသည် ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်ဝင်းတို့နှင့်ပူး​ပေါင်း၍ ဖြူးဘိုးဘွားရိပ်သာ၌ ကွင်းဆင်း​ဆေးကုသခြင်းနှင့်ပညာ​ပေး​ဟော​ပြောခြင်း​ဆောင်ရွက်ခဲ့ရာကျား(၅)ဦးမ(၂၈)ဦးစုစု​ပေါင်း(၃၃)ဦးအား​ဆေးကုသမှု​ပေးနှိုင်ခဲ့ပြီးအဘိုးအဘွား(၁၈)ဦးအား​သွေးတိုး​ရောဂါနှင့်​ဆောင်ရန်​ရှောင်ရန်များအ​ကြောင်းပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး ဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် အုတ်ဖိုမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှုး​ဒေါ်ငြိမ်းငြိမ်းစိုးသည် (၁၃.၁၀.၂၀၂၃)ရက်​နေ့တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်ပူး​ပေါင်း၍ လည်ဆစ်ရိုးကျီး​ပေါင်း​ရောဂါအ​​ကြောင်းကို အသိပညာ​ပေး(Talk Show)ပြုလုပ်ခဲ့ကြောင်း သိရသည်။ ​​

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း