ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေကုဌာနမှ ၁၄-၁၀-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့နှင့်ပူးပေါင်း၍ ဖြူးဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာကျား(၅)ဦးမ(၂၈)ဦးစုစုပေါင်း(၃၃)ဦးအားဆေးကုသမှုပေးနှိုင်ခဲ့ပြီးအဘိုးအဘွား(၁၈)ဦးအားသွေးတိုးရောဂါနှင့်ဆောင်ရန်ရှောင်ရန်များအကြောင်းပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။