the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ခင်းလင်းရွှေသည် ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်‌ ရွာသင်္ဘော ဆိပ်ကျေးရွာအုပ်စု ကျက်သရေကျေးရွာဘုန်းကြီးကျောင်း၌ ကျားလူ ကြီး (၁၇ )ဦး ၊ ကျား ကလေး (၁ ) ဦး နှင့် မလူကြီး  (၁၉)ဦး ၊ မ ကလေး (၃) ဦး  စုစုပေါင်း (၄၀)ဦး တို့အား ကွင်းဆင်းကုသပေးခဲ့ပြီး ကျေးရွာနေပြည်သူ ( ၄၀ ) ဦးအား ကျန်းမာရေး‌ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း