မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၉-၁၀-၂၀၂၃ ရက် ကြာသာပတေးနေ့တွင်ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းနွယ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်စပယ်တောကျေးရွာဝိဇ္ဇာသီရိကျောင်း၌ တရားစခန်းဝင်ယောဂီ (၇၅)ဦးအားသွားရောက်၍အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၉.၁၀.၂၀၂၃)ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်မူမူခင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဒေါ်မြင့်မြင့်ကြည်တို့ဦးဆောင်သောအဖွဲ့သည် ရေနံချောင်းမြို့၊ ဘေးမဲ့ရပ်ကွက်၌ တိုင်းရင်းဆေးပညာဖြင့် လူနာကျား(၁၃)ဦး၊ မ(၂၀)ဦးစုစုပေါင်း (၃၃)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ရာသီအကူးအပြာင်းတွင်ဖြစ်တတ်သောရောဂါများ၊ ၎င်းရောဂါများနှင့်ပတ်သက်၍အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောရာ တက်ရောက်သူဦးရေ(၂၆)ဦးခန့်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေးသည် ၁၄-၁၀-၂၀၂၃ ရက်နေ့ တွင်ကုန်းတန်းကလေးကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား၈ ဦး မ ၁၆ ဦး စုစုပေါင်းလူနာ(၂၄)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ ၊ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော် ၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့ သည်(၁၇.၁၀.၂၀၂၃) ရက် (အင်္ဂါနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ နံနက် (၁၀)နာရီမှ ညနေ(၃)နာရီအထိ၊ အမျိုးသမီးများနှင့် မီးယပ်ရောဂါအကြောင်းအရာခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူဦးရေ(၉၀)တက်ရောက်ခဲ့ကာ လူနာစုစုပေါင်း မ(၆၈)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးနိုင်ရန်အတွက် လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။