the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာန တို့ပူးပေါင်းပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ​ဒေါ်စန္ဒာအေး ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၁၀.၂၀၂၃ ရက်နေ့ နေ့လည် ၁၁:၃၀ မှ  ၁:၃၀အထိ၊ အလုံပရိယတ္တိပါဠိတက္ကသိုလ် စာသင်တိုက်၌ စာသင်သားရဟန်းသံဃာ ၂၁ ပါးအား ရာသီပြောင်းတွင်ဖြစ်ပွါးတတ်သော မျက်စိနာရောဂါ အကြောင်းအား အသိပညာပေးဟောပြောခဲ့ပြီး၊ သံဃာ ၃၄ ပါးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊မြောင်းမြခရိုင်၊ ​ မြောင်းမြမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ  ​(၁၀.၁၀.၂၀၂၃)  ရက်​နေ့တွင် မြောင်းမြမြို့၊ အမှတ်(၅)အခြေခံပညာအထက်ကျောင်း၌ ကွင်းဆင်း​ဆေးကုသရာတွင် ကျား ၂၈ ဦး၊ မ ၃၂ ဦး စုစု​ပေါင်း လူနာ  ၆၀ ဦး အား ကွင်း​ဆင်းကုသ​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမြို့မှ  ၁၈-၁၀-၂၀၂၃ ရက်နေ့တွင် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား ၃ ဦး ၊ မ ၇ ဦး စုစုပေါင်းလူနာ  ၁၀ ဦး  အားကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို သည် ကူဖြူကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသရေးဆောင်ရွက်ရာ အမျိုးသား (၁၆)ဦး နှင့် အမျိုးသမီး(၂၁) ဦးစုစုပေါင်း (၃၇)ဦးတို့အားဆေးကုသမှူပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း