the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ကချင်ပြည်နယ်  တိုင်းရင်းဆေးပညာဦးစီးဌာန ဟိုပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အေးစုစုချစ်နှင့် ဆေးခန်းအကူတို့သည် ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာတရားစခန်း၌ ကွင်းဆင်း ဆေးကုသပေးခဲ့ရာလူကြီးကျား(၁၀)ဦး လူကြီးမ(၆၃)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်ဆန်လှူအသင်းကြီး၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော (၄၂)ကြိမ်မြောက်ဆွမ်းဆန်တော် လောင်းလှူပွဲတွင် (၂၂.၁၀.၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်သည့်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ တောင်တန်းတောရ စာသင် တိုက်များ အားပင့်ဖိတ်၍ ဆွမ်းဆန်တော်များအပါအဝင် ဆန်၊ ဆီ၊ပဲ ၊ဆား ၊ဆေး နှင့် ဝတ္တုငွေများ လောင်းလှူ ပူဇော်ပွဲအခမ်းနားတွင်​​ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝတ္တုငွေနှင့် တိုင်းရင်း ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး​တိုင်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ဖြူးမြို့  (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ၂၂-၁၀-၂၀၂၃ ရက်​နေ့တွင် ပဲခူးတိုင်း​ဒေသကြီး​တိုင်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ဖြူးမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်ဝင်းတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူး​ပေါင်း၍ ဖြူးမြို့ သိမ်ကုန်းရပ်ကွက်မြို့ အရှေ့ဘုန်းကြီးကျောင်း၌ ကွင်းဆင်း​ဆေးကုသခြင်းနှင့်ပညာ​ပေး​ဟော​ပြောခြင်း​ဆောင်ရွက်ခဲ့ရာ ၂၆၅ ဦးအား‌ သွေးတိုး၊ ဆီးချိုရောဂါ နှင့်‌ ဆောင်ရန် ရှောင်ရန်များအ‌ေကြာင်း‌ဟောပြာခဲ့ပြီး ကျား(၂၃)ဦးမ(၄၁)ဦးစုစု​ပေါင်း(၆၄)ဦးအား​ဆေးကုသမှု​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာန ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ၂၂-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ ကျားကြီး(၁၀)ဦး၊ မကြီး(၂၇)ဦး၊ ကျားလေး(၁)ဦးနှင့် မလေး(၁)ဦး၊စုစုပေါင်း(၃၉)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ