ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုးဒေါငြိမ်းငြိမ်းစိုးနှင့် ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှုးဦးသက်လုံဦးတို့သည် အုတ်ဖိုမြို့နယ် လယ်ပြင်ကျောင်းတိုက်ရှိ တရားစခန်း၌ အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး လူနာကျား ၅ ဦး မ ၅၅ ဦး စုစုပေါင်း ၆၀ဦးအားကုသမှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၆-၁၀-၂၀၂၃ ရက်နေ့ နံနက် ၉း၀၀ နာရီမှစ၍ ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်နှင့် ပြည်တိုင်းရင်းဆေးရုံမှ အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ပြည်မြို့ရွာဘဲရပ်ကွက် ယဉ်ပေါင်စာတိုက်သစ်တောရကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတနန္ဒ၏ အန္တိမဈာပန၌ လူနာဦးရေကျား ၂၄ ဦး၊ မ၂၆ ဦး စုစုပေါင်း ၅၀ ဦး အားကျန်းမာရေးစောင့်ရှောက်မှုပေး ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမြို့မှ ၂၆-၁၀-၂၀၂၃ ရက်နေ့တွင် ဝေဇယန္တာကျောင်းတရားစန်း၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား ၇ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၃၀ ဦး အား ကွင်းဆင်းပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၂၄-၁၀-၂၀၂၃ ရက်နေ့တွင် မေတာဝတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာလူကြီးကျား ၁၅ ဦး၊ လူကြီးမ ၃၂ ဦး၊ တိုင်းရင်းဆေးဖြင့်ကုသမှုပေးခဲ့ပြီး ဘိုးဘွား ၄၇ ဦးအား အသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။