the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ပြည့်ပြည့်ဖြိုးသည် ကျန်းမာရေးဦးစီးဌာန ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ ၁-၁၁-၂၀၂၃ ရက်နေ့တွင် လှည်းကူးမြို့ ဝါးရုံတောသာသနပါလ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်သံဃမဟာနာယက အဂ္ဂမဟာ ပဏ္ဌိတ ဒေါက်တာဘဒ္ဒန္တဝိသုတာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားတွင် သွားရောက်၍  ကျား(၁၀)ဦး  မ(၁၅)ဦးအားအခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ​မြောက်ပိုင်းခရိုင်ဥက္ကံ(တိုက်ကြီး)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစောမင်းထွန်းနှင့်အဖွဲ့သည် ၁-၁၁-၂၀၂၃ ရက်နေ့တွင် ဥက္ကံမြို့ပုပ္ပါရုံမဟာစည်သာသနာ့ရိပ်သာ၌ (ကျား)၁၅ဦး (မ)၂၅ဦး စုစုပေါင်း(၄၀)ဦးအားအခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၂၇.၁၀.၂၀၂၃)ရက်နေ့ မှ (၃၀.၁၀.၂၀၂၃)ရက်နေ့ထိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် သီးတင်းကျွတ်မီးထွန်းပွဲတော်တွင် တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်တို့ ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကုသမှုဆောင်ရွက်ပေးခဲ့ရာတွင် စုစုပေါင်းလူနာ(၅၉)ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်း မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ၂၇-၁၀-၂၀၂၃ ရက်​နေ့တွင် မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ် ​ခင်လှတိုးသည် မြို့​ပေါ်ရှိ​ဆေးဆိုင်များတွင်  GINSING Pro Bio Grang Co.Ltd Thailand ​ဆေး​ရောင်းချခြင်းရှိ/မရှိစစ်​ဆေးရာ​ရောင်းချခြင်းမရှိပါ​ကြောင်းနှင့် ဤဆေးသည် အနောက်တိုင်းဆေး ရောနှော ထားသဖြင့် ရောင်းချခြင်း မပြုရန်မှာကြားခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ