ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၇-၁၁-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေး ဦးကျော်လင်းစိုးတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသရာ မ ၂၀ ဦးအား ဆေးကုသဆောင်ရွက်ခဲ့ကြေင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ၆.၁၁.၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစု၀င်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ် ကုလားကျောင်းရွာ မူလွန်ကျောင်း၌ ကွင်းဆင်းခဲ့ရာ (၂၀၃)ဦးအား ကျောင်းကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး (၁၆၄)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၆-၁၁-၂၀၂၃ ရက်နေ့တွင် အ.မ.က လွန် ဒေးဗိန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးဟောပြောဆောင်ရွက်မှုတွင် စုစုပေါင်း ၁၅၀ ဦးရေနှင့် ကျောင်းသား ၁၈ ဦးနှင့် ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၈ ဦးအား ဆေးဝါး ကုသပေးခဲ့ပါကြောင်း သိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန မာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးမြင့်ဦး မြို့နယ်တိုင်းရင်းဆေးမှူး ဦးဆောင်ပါဝင်သောအဖွဲ့သည် ၅-၁၁-၂၀၂၃ ရက်နေ့တွင် မာန်အောင်မြို့နယ် ငအင်းအုပ်စု မင်းရပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လူကြီးကျား (၂၃ ) ဦး မ (၂၇ )ဦး ကလေးကျား (၁၀ ) ဦး ကလေးမ (၁၀) ဦး စုစုပေါင်း (၇၀) ဦးအားကွင်းဆင်းကုသပေးခဲ့ပြီး ကျေးလက်နေပြည်သူ (၇၀) ဦးအား ကျန်းမာရေးပညာပေး ဟောပြောမှု့ပြုလုပ်ခဲ့ကြောင်း သိရသည်။