ပဲခူးတိုင်းဒေသကြီး ပဲခူးအရှေ့ဖြူးမြို့နယ် ဖြူးတိုင်းရင်းဆေးရုံမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mon , Nov 13 2023 - 09 amပဲခူးတိုင်းဒေသကြီး ပဲခူးအရှေ့ဖြူးမြို့နယ် ဖြူးတိုင်းရင်းဆေးရုံမှ ၁၁-၁၁-၂၀၂၃ ရက်နေ့တွင်ပဲခူးအရှေ့ဖြူးမြို့နယ် ဌာနဆိုင်ရာစုပေါင်းသန့်ရှင်းရေးတွင် ဖြူးတိုင်းရင်းဆေးရုံက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးဒေါငြိမ်းငြိမ်းစိုးနှင့် ဆေးခန်းအကူတို့သည် ၁၁-၁၁-၂၀၂၃ ရက်နေ့က မကျီးပင်ရွာဘုန်းကြီး၌ ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၁.၁၁.၂၀၂၃) ရက်နေ့တွင်၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးအောင် နှင့် (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်သော ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သော်တာစိုးနှင့် အဖွဲ့ဝင်(၆)ဦး တို့သည် ပုသိမ်မြို့နယ်၊ ရာမည ရပ်ကွက် ရှိ ဝိဇ္ဇာသိပ္ပံ ပဋိပတ္တိဘုန်းကြီး ကျောင်းတိုက်၌ အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၂၂)ဦး၊ မ(၅၈)ဦး ၊ စုစုပေါင်း လူနာ (၈၀)ဦးတို့အား အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာတောင်ကြီးမှ ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာတောင်ကြီးမှ ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ (၅)ဦးတို့သည် ၁၁-၁၁-၂၀၂၃ ရက်နေ့တွင် တောင်ကြီးခရိုင် အေးသာယာမြို့ရှိ စိတ္တသုခ ပရဟိတကျောင်း၌ ကျားကြီး(၁၀)ဦး မကြီး(၂၉)ဦး ကျားလေး(၇)ဦး မလေး(၁၄)ဦး စုစုပေါင်း(၆၀)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။