ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၁.၁၁.၂၀၂၃) ရက်နေ့တွင်၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးအောင် နှင့် (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်သော ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သော်တာစိုးနှင့် အဖွဲ့ဝင်(၆)ဦး တို့သည် ပုသိမ်မြို့နယ်၊ ရာမည ရပ်ကွက် ရှိ ဝိဇ္ဇာသိပ္ပံ ပဋိပတ္တိဘုန်းကြီး ကျောင်းတိုက်၌ အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၂၂)ဦး၊ မ(၅၈)ဦး ၊ စုစုပေါင်း လူနာ (၈၀)ဦးတို့အား အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။