the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁ဝ.၁၁.၂၀၂၃) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်  ဦးဆောင်သောအဖွဲ့သည်  (၆) နံပါတ် ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း ကွင်းဆင်းဆေးကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး(ကျား) - ၉ ဦး၊ လူကြီး( မ ) - ၂၇ ဦး ၊ စုစုပေါင်း - ၃၆ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀-၁၁-၂၀၂၃)ရက်နေ့တွင် ၊မြစ်သားမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်‌‌စို‌‌ပြေဝင်း တို့ဦးဆောင်သောအဖွဲသည်‌ မြစ်သားမြို့နယ်အ‌ရှေ့ရပ်၊ ‌ပေတော(၁)အခြေခံ မူလတန်းကျောင်း၌ ကျောင်းကျန်းမာ‌ရေးကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေး ဟောပြောခြင်း(၇၂)ဦး၊ တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်း ကျားလူကြီး(၁၁)ဦး၊ မလူကြီး(၈)ဦး၊ ကျားကလေး (၄၁)ဦး၊ မကလေး(၁၈ ) ဦး စုစုပေါင်း(၇၈)ဦး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး  တိုင်းရင်းဆေးပညာဉီးစီးဌာန တိုင်းဒေသကြီဉီးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဉီးနေဝင်းနှင့် အထွေထွေလုပ်သား ဦးအောင်ကိုကိုတို့သည် ပေါင်းတည်မြို့အတွင်းလမ်းမိုးကုတ်ရိပ်သာတရားစခန်းပွဲ၌ (၆.၁၁.၂၀၂၃) ရက်နေ့မှ (၁၀.၁၁.၂၀၂၃) ရက်နေ့အထိ (၅) ရက်တိုင်တိုင်တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာကျား (၄၇) ဦး မ(၆၈)ဦး စုစုပေါင်း(၁၁၅)ဦးအား ကျန်မာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် ၉ ၁၁-၂၀၂၃ နံနက် ၁၀:ဝဝ နာရီတွင် ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များကို ဟောပြောပြီး ကွင်းဆင်းဆေးကုရာ လူကြီးကျား ၁၂ ဦး နှင့်မ ၁၆ ဦး  ကလေးကျား ၁ ဦး နှင့်မ ၁ ဦး စုစုပေါင်း ၃၀ ဦး အားဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း