ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၃-၁၁-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် တို့သည် ညောင်လေးပင်မြို့နယ် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကျား ၅ ဦး၊ မ ၁၅ ဦး စုစုပေါင်း ၂၀ ဦး အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်ပြီး ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်မိတင်တင်ဦး ၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သောအဖွဲ့သည် (၁၃.၁၁.၂၀၂၃) ရက်နေ့ (တနင်္လာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၂၁)ဦး မ (၁၅)ဦး စုစုပေါင်း (၃၆)ဦးတို့အား အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ (၁၀.၁၁.၂၀၂၃) နေ့တွင် ကျင်းပပြုလုပ်သော Youth And Health Forum တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ကျင်းပပြုလုပ်သော အာယုဗ္ဗေဒအခမ်းအနားသို့ ဖိတ်ကြားချက်အရ (၁၀.၁၁.၂၀၂၃)နေ့တွင် ရခိုင်ပြည်နယ်တိုင်ရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများအခမ်းအနားတက်ရောက်မှု မှတ်တမ်းနှင့် ပြည်နယ်ဦးစီးဌာနမှုးမှ အာယုဗ္ဗေဒအကြောင်းနှင့်ဆေးရုံ /ဆေးခန်းသုံး ဆေးဝါးများ၏အာနိသင်နှင့် အသုံးပြုပုံများအားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။